............ရေကြည်ရာ မြက်နုရာ..............
တစ်ရွာမပြောင်း သူကောင်းမဖြစ် ဟု ဆိုကြသလို မိမိ မိသားစု၊ ဆွေမျိုးသားချင်း၊ ညီကိုမောင်နှမ၊ မိမိကိုယ်တိုင် အတွက် ကောင်းစားဖို့ ၊ ကြီးပွားဖို့ အရေး စသည့် အရေးပေါင်းများစွာ ကြောင့် ကျွန်တော်တို့ ခင်ဗျားတို့ ဟာ ရုံးကန်လှုပ်ရှား ကြိုးစားနေကြရတာပေါ့။ ထိုသို့ ကြိုးစားရင်း လှုပ်ရှားရင်းနှင့်ပင် သေချင်သည့်ကျား တောပြောင်း ဆိုတဲ့ အဖြစ်မျိုးတွေလဲ မနည်းမနောပေါ့ နော်။ ကံကြမာဆိုတာ ကြိုမှ မသိနိုင်ကြပေပဲကိုး။
မိမိယုံကြည်ရာကို ကိုင်စွဲပြီး ကိုယ့်လှေကိုယ်ထိုး ပဲခူးရောက်ရောက် ဆိုပြီး လုပ်ရသည်များရှိသလို
လက်ဖက်ကောင်းစားချင် ပလောင်တောင်တက်နှေးရသည် ဆိုသည့်အတိုင်း ဖြည်းဖြည်း မှန်မှန်
သွားရတာမျိုးလဲ ရှိနေပြန်သည်။
လူရယ်လို့ ဖြစ်လာကတည်းက ရုံးကန်လှုပ်ရှားရသည်မှာ မွေးဖွားသည်မှ သေဆုံးသည်ထိဆိုလျှင်
မှားမည်မထင်။ မပြီးဆုံး နိုင်သော တာဝန် များစွာကို ဘယ်သူကမှ မပေးဘဲ ယူထားရသည်မှာလဲ ကိုယ်စီကိုယ်ငှ ပေါ့ဗျာ။ အသက်ရှင်ရပ်တည်ဖို့ ရာ စား၊ ၀တ်၊ နေရေး .. အရေး သုံးပါးရှိတာပေါ့၊
၎င်းအရေးတွေ ပြည့်စုံဖို့ ရာကလဲ ငွေကြေးလုံလောက်ဖို့ လိုအပ်ပြန်ပါရော။ ငွေကြေးလုံလောက်စွာ
ရှာနိုင်ဖို့ ရာ ရေကြည်ရာ မြက်နုရာ အရပ် ဆိုတာကို ရွေးချယ်ကြရပြန်ပါတယ်။ ရေတော့ဖြစ်ပါရဲ့ မကြည် .. မြက်တော့ရှိပါရဲ့ မနု လို့ဆို တဲ့ နေရာမျိုးကို မရွေးချယ်ကြတာ စဉ်းစားညဏ်ရှိသော
သူတိုင်းရဲ့ မှန်ကန်သောရွေးချယ် မှုဟုဆိုချင်ပါသည်။
သို့ပါသော်လည်း ရေကြည်ရာ မြက်နုရာ ဆိုသောအရပ်ကို ကျွန်တ်ေတို့ ခင်ဗျားတို့ ရှာဖွေကြသလို/ ရှာဖွေနိုင်သူများရှိကြသလို … မိမိတွင်မူလကရှိသော နောက်နေသည့် ရေကိုကြည်အောင်၊ ရိုင်းနေသည့် မြက်များကို နုအောင် ကျွန်တော်တို့ တွင် လုပ်နိုင်စွမ်းရှိခဲ့ပါလျှင်ဟု တွေးတောရင်းဖြင့်……………
ရွှေရိုး
vashikarn
ReplyDelete