Sunday, September 18, 2011

ကံငါးပါး နှင့် ကံ ထိုက် မထိုက်

ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များဟာ အနည်းဆုံး ငါးပါးသီလကို အမြဲ စောင့်ထိန်းရပါတယ်။ ဥပုဒ်သည်တွေအတွက် ရှစ်ပါးသီလ၊ ကိုရင်သာမဏေတို့အတွက် ဆယ်ပါးသီလနဲ့ ရဟန်းတော်တွေအတွက် (၂၂၇)သွယ်သော သိက္ခာပုဒ်ဆိုပီး ဗုဒ္ဓဟောကြား ပြဌာန်းထားတာရှိပါတယ်။


အဓိကပြောချင်တာ လူအတွက် ငါးပါးသီလပါပဲ။ ငါးပါးသီလကို ဆောက်တည်ပီး မကျိုးမပေါက်အောင် စောင့်ထိန်းနိုင်သူဆိုတာ ယခုခေတ်မှာ ဟိုရှေးတုန်းနဲ့စာရင် နည်းလာပါပီ။
နောက်ကိုယ်စောင့်တဲ့သီလ ကျိုးမကျိုး ကံထိုက်မထိုက်ဆိုတာလည်း သိဖို့လိုပါတယ်။

(က) သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း ။
ဒီအချက်ကတော့ တော်တော်များများ စောင့်နိုင်ကြပါတယ်။ ဒါတောင်တစ်ခါတစ်လေ ခြင်တို့ ပရွတ်ဆိတ်တို့ ရိုတ်မိပါသေးတယ်။
ပါဏာတိပါတကံ ထိုက်မထိုက်ဆုံးဖြတ်ရန်အတွက် ငါးချက်လိုပါတယ်။
၁။ သတ္တ၀ါတစ်ကောင်ဖြစ်ခြင်း
၂။ သတ္တ၀ါဟူသော အမှတ်သညာရှိခြင်း
၃။ သေစေလိုသောဆန္ဒရှိခြင်း
၎။ သေသွားစေရန် ကိုယ်၊ နှုတ် တစ်ခုခုဖြင့် ဆောင်ရွက်ခြင်း။
(နှုတ်ဖြင့် သတ်ရန်စေခိုင်းခြင်း၊ ပြောခြင်း၊ အမိန့်ပေးခြင်း)
၅။ သေသွားခြင်း
အဲလိုငါးချက်နဲ့ ပြည့်စုံမှ ပါဏာတိပါတကံထိုက်ပါတယ်။ သတ်တော့သတ်တယ် မသေရင်လည်းမထိုက်ပါဘူး။ သေတော့သေသွားတယ် သေစေလိုတဲ့စိတ်မရှိရင်လည်း မထိုက်ပါဘူး။
ဒီကံကိုကျူးလွန်တဲ့အတွက် ပြန်ရမယ့် အကျိုးတွေကတော့...
အင်္ဂါမစုံလင်ဖြစ်တတ်တယ်။ နောက်ဘ၀မှာ အင်္ဂါချို့တဲ့ပီးမွေးတတ်တယ်။
ရုပ်ရည် လှပတင့်တယ်မှုမရှိဘူး။
ခွန်းအားလည်းနည်းတယ်။ သွက်သွက်လက်လက်မရှိဘူး။ ရောဂါလည်းထူမယ်။ အလိုလိုကြောက်နေတတ်တယ်။ နောက် အသက်တိုတယ် တဲ့။


(ခ) သူ့ဥစ္စာခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း ။
ဒီဟာလည်း ရှောင်နိုင်ကြပါတယ်။ ဒါတောင် အစိုးရ၊ ကုမ္ပဏီဝန်ထမ်းများ အလုပ်ချိန်နောက်ကျတာတို့ စောပြန်တာတို့ဟာ အဒိန္နဒါနာ နဲ့ မလွတ်ပါဘူး။ သတိပြုဖွယ်ပါ။
ဒီကံမြောက် မမြောက်ကို အချက်ငါးချက်နဲ့ပဲ ဆုံးဖြတ်ပါတယ်။
၁။ သူတစ်ပါးဥစ္စာဖြစ်ခြင်း
၂။ သူတစ်ပါးဥစ္စာဟုသိခြင်း
၃။ ခိုးယူလိုသော စိတ်စေတနာရှိခြင်း
၎။ ခိုးယူရန် ကိုယ်၊ နှုတ် တခုခုဖြင့်ဆောင်ရွက်ခြင်း
၅။ ခိုးယူမှု အောင်မြင်ခြင်း။
ဒီသီလကို စောင့်ထိန်းခဲ့တဲ့ပုဂ္ဂိုလ်များကတော့ လက်ရှိဘ၀ကနေ နောင်အဆက်ဆက်
ဥစ္စာစည်းစိမ်ပေါများမယ်။
ငွေကြေးချမ်းသာမယ်။
အလိုရှိတာအကုန်ရမယ်။
စည်းစိမ်ဥစ္စာခိုင်မြဲမယ်။
ရေ၊ မီး၊ မင်း၊ သူခိုး၊ သားသ္မီးဆိုး ဆိုတဲ့ ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်ပါတဲ့။

(ဂ) မှားယွင်းသောကာမမှုအကျင့်မှရှောင်ကြဉ်ခြင်း
အင်းဒါကတော့ တော်တော်များများ ကင်းကြပါလိမ့်မယ်လို့ ထင်ပါတယ်။
ဒီကံကို တော့ မိန်းမများမထိုက်ယောက်ျားများသာထိုက်တယ်လို့ဆိုပါတယ်။
ဒီကံကိုတော့ လေးချက်နဲ့ဆုံးဖြတ်ပါတယ်။
၁။ မသွားလာအပ်သော မိန်းမ(၂၀)ဖြစ်ခြင်း
၂။ ထိုမိန်းမ၌ မှီဝဲလိုသောစိတ်ရှိခြင်း
၃။ လုံ့လပြုခြင်း
၎။ သာယာခြင်း
ဘာကြောင့်ဒီကံ မိန်းမတွေပြုလို့မရတာလဲလို့ စောဒကတက်ဖူးပါတယ်။ ဒီကိစ္စကို ယောက်ျားတွေ စိတ်ဆန္ဒမရှိရင် မိန်းမတွေဦးဆောင်ပြုလို့ မရလို့ပါတဲ့။ ဆရာတော်ကြီးတစ်ပါးမိန့်တာ မှတ်ထားဖူးပါတယ်။

(ဃ) မဟုတ်မမှန်လိမ်ပြောခြင်းမှ ရှောင်ကြဉ်ခြင်း
ဒီအချက်ကိုပဲ အားလုံးနီးပါး ကျူးလွန်နေကြတာပါ။ ရယ်စရာပင်ဖြစ်စေ မဟုတ်မှန်လျှင် မုသာဝါဒပါပဲ။
၁။ မဟုတ်မမှန်သောအကြောင်းအရာဖြစ်ဖြင်း
၂။ လိမ်ပြောလိုစိတ်ရှိခြင်း
၃။ ပြောလည်းပြောခြင်း
၎။ ပြောသည့်အတိုင်းသူတစ်ပါးယုံကြည်သွားခြင်း။
ဒီလို လေးချက်နဲ့ ပြည့်စုံရင်တော့မုသာဝါဒကံ မြောက်ပါတယ်။

(င) သေရည်သေရက်သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း
လူငယ်တော်တော်များများ မကင်းနိုင်ခဲ့ကြတဲ့ သိက္ခာပုဒ်ပါ။ အတ္တလည်းပါပါတယ်။ :P
၁။ သေရည်စသည် တစ်မျိုးမျိုးဖြစ်ခြင်း
၂။ သောက်စားလိုစိတ်ရှိခြင်း
၃။ သောက်ဖြစ်အောင်လုံ့လပြုခြင်း
၎။ သောက်စားခြင်း

ငါးပါးသီလမြဲရင်တော့ ဘယ်မှာနေနေ ကြီးပွားမှာသေချာပါတယ်။ ရင်ဆိုင်ရမယ့်အခက်အခဲတွေလည်း အောင်မြင်စွာကျော်နိုင်ပါတယ်။ ငါးပါးလုံး မမြဲတောင် တစ်ပါးနှစ်ပါး စသည် ကိုယ်နိုင်သမျှ စောင့်ထိန်းရင် အရေးကြုံတဲ့အခါ သစ္စာပြုလို့ရပါတယ်တဲ့။
Copy From : attamyar.blogspot.com

Friday, September 9, 2011

ရန်ကုန်-နေပြည်တော်-မန္တလေး အဝေးပြေးလမ်းပေါ်က လူသေမှု

မနေ့က ရန်ကုန်- နေပြည်တော်- မန္တလေး အဝေးပြေးလမ်းမကြီးပေါ် တက်လာတဲ့ ဆိုင်ကယ်တစီးကို လမ်းတံတားလုံခြုံရေးနဲ့ စည်းကမ်းထိန်းသိန်းရေးအဖွဲ့က လိုက်ဖမ်း၊ ၀ိုင်းရိုက်ကြရင်းက ဆိုင်ကယ်မောင်းသမားတယောက် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သတင်းရပါတယ်။

အခင်းဖြစ်တဲ့နေရာကတော့ အဝေးပြေးလမ်းမကြီးဘေး၊ မိုင်တိုင်အမှတ် ၁၉၂ နဲ့ ၄ ဖာလုံ၊ ၅ ဖာလုံလောက် အကွာနားမှာလို့ ဆိုပါတယ်။ သေဆုံးသွားသူ ဆိုင်ကယ်သမားကတော့ ဧလာ၊ ပိတောက်ချောင်းအုပ်စု၊ ချောင်းဇောက်ရိုး တဲစုရွာက အသက် (၃၀) အရွယ် ကိုကျော်မျိုး (ဘ) ဦးဖိုးထောင်လို့ သိရပါတယ်။

ကိုကျော်မျိုးဟာ အဖော်တယောက်နဲ့အတူ တခြားတရွာကို ကွမ်းသွားရောင်းဖို့ သွားရာမှာ အဝေးပြေးလမ်းအောက်က လယ်လမ်းတွေမှာ ရွှံ့ဗွက်တွေနဲ့ သွားမရဖြစ်နေလို့ အဝေးပြေးလမ်းပေါ် တက်မောင်းတာမှာ လမ်းတံတား လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က လူ ၆၀ လောက်ကနေ ကား ၃ စီးနဲ့ လိုက်ဖမ်းတာလို့ မျက်မြင်တွေက ပြောပြပါတယ်။

“သူတို့ လူမိုက်တွေကို ဒီလို လိုက်ဖမ်းဖို့ မွေးထားတာ၊ အဲ့ဒီလူတွေလိုက်လာတော့ ကျော်မျိုးက လမ်းဘေးချလိုက်တယ်။ အဲ့ဒါကို ၀ိုင်းဖမ်းပြီး မြေလမ်းပေါ်မှာတင် ဓားနဲ့တယောက်က ထိုးလိုက်တာ။ ဓားက ၁၃ လက်မလောက်ရှိမယ်။ ရင်ဝမှာ ဓားတန်းလန်းနဲ့ နေရာတင် မှောက်လျက်ကြီး သေသွားတယ်။” လို့ မျက်မြင်တယောက်က ဧရာဝတီကို ပြောပြပါတယ်။

ပြစ်မှုကျူးလွန်တဲ့သူကို နေပြည်တော် လယ်ဝေးရဲစခန်းမှာ ထိန်းသိမ်းထားပြီး လူသေမှုပုဒ်မနဲ့ တရားစွဲဖို့ စီစဉ်နေတယ်လို့ တာဝန်ကျ ရဲအရာရှိတယောက်က ပြောပြပါတယ်။

ဒီ ရန်ကုန်-နေပြည်တော်-မန္တလေး အဝေးပြေးလမ်းပေါ်မှာ ယာဉ်မတော်တဆမှုတွေမဖြစ်အောင်ဆိုပြီး၊ အဝေးပြေးကားတွေ၊ အိမ်စီးကားငယ်တွေကလွဲလို့ တခြားယာဉ်တွေ မမောင်းရ၊ မဖြတ်ရဘူးလို့ စည်းကမ်းချက်တွေ သတ်မှတ်ထားပါတယ်။ ခိုးမောင်း၊ ခိုးဖြတ်တဲ့ ပတ်ဝန်းကျင်ရွာတွေက ဆိုင်ကယ်တွေ၊ လှည်းတွေကိုတွေ့ရင် လမ်းလုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က လိုက်ဖမ်းပြီး ဒဏ်ငွေတပ်တယ်လို့ ဆိုပါတယ်။

“ဒဏ်ငွေတပ်တဲ့အခါ တသိန်းပေးရင် ပြန်လွှတ်ပေးပါတယ်။ ကျနော်တို့ရွာတွေက တရွာနဲ့တရွာသွားချင်ရင် ဒီတလမ်းပဲ သုံးစရာရှိတယ်။ လယ်လမ်းတွေက အခုက မိုးရွာနေတော့ သွားလို့လာလို့ အဆင်မပြေတော့ ဒီလိုပဲ ခိုးသွားနေကြတာ။ သူတို့က လိုက်ဖမ်းတဲ့အခါ လူမိုက်တွေနဲ့ ၀ိုင်းလိုက်၊ ၀ိုင်းရိုက်ဆိုတာကတော့ မကောင်းဘူးပေါ့။ သူတို့ ဒီလိုလုပ်နေတာ လူကြီးတွေ သိစေချင်တယ်။ တလောကလည်း အဲ့လိုအရိုက်ခံရလို့ တယောက် နံရိုးကျိုးသွားသေးတယ်” လို့ ဒေသခံတယောက်က ပြောပြပါတယ်။

ရန်ကုန်-နေပြည်တော်-မန္တလေး အဝေးပြေးလမ်းမကြီးကို ၂၀၁၀ ခုနှစ်အတွင်းမှာ ဖွင့်ခဲ့ပါတယ်။ အရှည်မိုင်ပေါင်း ၃၅၀ ကျော်ရှိပြီး ရန်ကုန်-မန္တလေးကို ဒီလမ်းကသွားရင် ၇ နာရီနဲ့ ရောက်နိုင်မယ်လို့ဆိုပါတယ်။ ဒီလမ်းဖွင့်ပြီးကတည်းက လမ်းအသုံးပြုတဲ့ကားတွေ မတော်တဆ ထိခိုက်မှုဖြစ်တာတွေ၊ ကားသမားတွေက လမ်းရဲ့အချိုးအကွေ့တွေဟာ အန္တရာယ်ကြီးတဲ့အကြောင်း၊ ကွန်ကရစ်လမ်းဖြစ်လို့ ကတ္တရာလမ်းပေါ်မောင်းတာထက် တာယာတွေပျက်စီးလွယ်တဲ့အကြောင်း ဝေဖန်သံတွေ ကြား မကြာခဏ ကြားနေရပါတယ်။ လမ်းတံတား တာဝန်ရှိသူတွေကတော့ ယာဉ်မောင်းသူတွေရဲ့ မဆင်မခြင်မောင်းမှုတွေကြောင့်သာ ဒီလို ထိခိုက်မှုတွေဖြစ်ရတယ်လို့ ဆိုပါတယ်။

By....www.irrawaddyblog.com

Tuesday, September 6, 2011

ဖတ်ဖြစ်အောင်ဖတ်...သင့်အတွက်





မင်္ဂလာပါနံနက်ခင်းပါ....


ညီအစ်ကို မောင် နှမများ အားလုံး သတိထားမိစေဖို့အကြောင်းရာလေးတစ်ခုကို တင်ပြချင်ပါတယ်.....

တိုးတက်လာတဲ့ ခေတ်နည်းပညာများနဲ့ အတူ မသမာသူများရဲ့ ရန်မှ ကာကွယ်နိင်ရန်

ဖတ်ကြည့်စေချင်ပါတယ်။


အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ ? အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။ ၁။ အ၀တ်လဲခန်းထဲကိုမ၀င်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။ ၂။ အ၀တ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။ ၃။ ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအ၀တ်လဲခန်းထဲမှာ hidden camera ရှိနေဖို့များသွားပါပြီ။ ဖုန်းခေါ်မရတဲ့အကြောင်းအရင်းကတော့ hidden camera ရဲ့ ဖိုင်ဘာကေဘယ်က mobile phone လိုင်းကို အနှောက်အယှက်ဖြစ်စေလို့ပါပဲ။ နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ? ဟိုတယ်တွေရဲ့ သန့်စင်ခန်းတွေ၊ စတိုးဆိုင်ကြီးတွေက အ၀တ်အစားလဲခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေ မှာတပ်ဆင်ထားတဲ့ မှန်တွေဟာ တကယ့်ကြေးမုံပြင်စစ်စစ်တွေလား၊ ဒါမှမဟုတ် နှစ်ဘက်မြင်မှန် (two way mirror) တွေလား ဆိုတာ သင် သံသယ၀င်ဖူးပါသလား? Two way mirror ဆိုတာကတော့ သင့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့ သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့် အခြားတစ်ဘက်က ကြည့်ရင် သင်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ။ ဟောလိဝုဒ် စုံထောက်ကားတွေမှာ တရားခံကို စစ်မေးတဲ့အခန်းထဲမှာ သုံးတဲ့မှန်မျိုးပေါ့။ အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံအစစ်လား၊ နှစ်ဘက်မြင်မှန်လားဆိုတာ သိနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ဒါပေမယ့် နှစ်ဘက်မြင်မှန်တွေကို သိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု ရှိပါတယ်။ ၁။ သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။ ၂။ သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ သင့်လက်ချောင်းလက်သည်းခွံကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင်၊ ဒါဟာ သာမန် ကြေးမုံပြင်ပါ။ ၃။ သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံ နှစ်ခုဟာ တိုက်ရိုက်ထိစပ်နေသလိုဖြစ်နေတယ်၊ ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့၊ ဒါဟာ နှစ်ဘက်မြင်မှန် (two way mirror) ပါပဲ။ ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့ သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ်ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေမှာဖြစ်ပါတယ်။ နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့ မှန်ထဲကလက်ချောင်းကြားမှာ ကွာဟမှုမရှိတော့တာပါ။ ဒါ့ကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို လက်သည်းထိပ်လေးနဲ့ ထိကြည့်ဖို့မမေ့ပါနဲ့။အကောင်ဆုံးက မီးပိတ်လိုရရင်မီးပိတ်ပါ။ ဒီစာလေးကို သင့်ရဲ့ သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမတွေဆီကို forward လုပ်ပေးပါ။ ဒီစာလေးကိုမျှဝေခြင်းအားဖြင့် အမျိုးကောင်းသမီးများစွာရဲ့ အရှက်နဲ့ သိက္ခာကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။


copy from ..... mandalaygazette.com/blackprince72

Monday, September 5, 2011

SINGAPORE


နေခြည်တန်းတို့ ဖျန်းပတ်
ဆန်းတက်နေတဲ့ သူ...

ရေ၊ မီး မရှား
အနီးနား နေတဲ့သူတွေတောင်အားကျ
စကား စကားပြောပါများတော့
အကြောင်း အကြောင်းတွေနဲ့
ကမ္ဘာကျော်တဲ့ သူ...

သူမတူအောင်သန့်ရှင်း
ခန့်ညား ကာနေသော်လည်း
အလုပ်နဲ့လက် မပြတ်တဲ့ သူ...

ပြောပြနေရင် ရှည်ပါလိမ့်မယ်
အားကျစရာ ရူပါအဆင်းနဲ့
လူတကာကို ပြူငှာ
မတူတာတွေလဲ အမှုမထားတဲ့ သူ...

အိုဘဲ့....Singapore.


............................................. by MaungShweYooe